Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအမှု စွဲချက်မတင်မီ ပလပ် (ရုပ်/သံ)
Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲထားတဲ့ အမှုကို ဇူလိုင်လ ၂ ရက်နေ့က မဟာအောင်မြေမြို့နယ်တရားရုံးက စွဲချက်မတင်မီ ပလပ်ကြောင်း အမိန့်ချမှတ်ခဲ့ပါတယ်။
တရားလိုပြသက်သေတွေ လာရောက်စစ်ဆေးခံခြင်းမရှိတဲ့အတွက် မြို့နယ်တရားရုံးက အမှုကို ပလပ်ပေးခဲ့တာဖြစ်ပါတယ်။
ကိုဆွေဝင်းကို မဟာအောင်မြေမြို့နယ် ဝံသာနုအားမာန်အဖွဲ့ (အထက်မြန်မာပြည်) ကိုကျော်မျိုးရွှေ က ဦးဝီရသူရဲ့ မိန့်ကြားချက်နဲ့ ၂၀၁၇ခုနှစ် မတ်လ ၇ ရက်နေ့က အမှတ်၇ နယ်မြေရဲစခန်း မှာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ဥပဒေရေးရာ အကြံပေးပုဂ္ဂိုလ် တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အသတ်ခံရတာနဲ့ပတ်သက်ပြီး ဆရာတော် ဦးဝီရသူ က ပြစ်မှုကျူးလွန်သူတွေကို ကျေးဇူးတင်ကြောင်း နဲ့ ရှေ့နေဦးကိုနီကို ခွေးရူးလို့ ခိုင်းနှိုင်း ခဲ့တာကို ဆရာတော် ဦးစန္တိတက လူဝတ်လဲစေသင့်တဲ့ တတိယ ပါရာဇိက ကံမြောက်တယ်လို့ ပြောဆိုချက်ကို Myanmar Now သတင်းစာမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
အဲ့ဒီဖော်ပြချက်ကို ကိုဆွေဝင်းက ကိုယ်ပိုင် လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေခဲ့တဲ့အတွက် ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ)နဲ့ အမှုဖွင့်ခံခဲ့ရတာဖြစ်ပြီး ကိုဆွေဝင်းကို ၂၀၁၇ခုနှစ် ဇူလိုင်လ ၃၀ ရက် နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖမ်းဆီးခဲ့ပြီး တရားရုံး အာမခံနဲ့ အမှုရင်ဆိုင်ခဲ့ရ တာဖြစ်ပါတယ်။
ရိုက်ကူး - ဒီလှိုင်းဝင်း
တည်းဖြတ် - ဝေယံမိုးမြင့်
Related videos
Mister and Miss Golden Future Myanmar ပြိုင်ပွဲ...
irrawaddynews
Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း အာမခံ ရရှိ...
irrawaddynews
တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်လိုက်တဲ့ ဗစ်တိုးရ...
irrawaddynews
ခရိုင်တရားသူကြီးပြောင်းလဲစစ်ဆေးမယ့် မကရင်မ အမှု...
irrawaddynews
နိုင်ငံတကာ အဆင့်မီပညာရပ်တွေကို သင်ယူလိုတဲ့ လူငယ...
irrawaddynews
Myanmar Imperial College ကို University အဖြစ် အ...
irrawaddynews
နိုင်ငံတကာ အဆင့်မီပညာရပ်တွေကို သင်ယူလိုတဲ့ လူငယ...
irrawaddynews
လူငယ်များအတွက် ဘဝတက်လမ်း ကျောင်း (သို့) Myanmar...
irrawaddynews
ချို့တဲ့ကလေးငယ်များကို ဖေးမကူညီပေးမယ့် Be The...
irrawaddynews
ကျူးကျော်များကို စမတ်ကတ်ပေးပြီ (ရုပ်/သံ)
irrawaddynews
ရွှေတောင်က ကောက်ညှင်းဆိုင်းပွဲတော် (ရုပ်/သံ)
irrawaddynews
အစဉ်အလာ သနပ်ခါးလုပ်ငန်းတွေတော့ ပျောက်သွားမယ် (ရ...
irrawaddynews