Skip to content
Play
Extracting media streams...
Tip
⚡ Direct Stream Active • Switch to Framed only if preferred • If video or audio lags, change quality format • Shortcuts: Space / K = Play/Pause, ← / → = 10s Seek, M = Mute • Adjust buffer in Player Settings ⚙️ ⚡ Direct Stream Active • Switch to Framed only if preferred • If video or audio lags, change quality format • Shortcuts: Space / K = Play/Pause, ← / → = 10s Seek, M = Mute • Adjust buffer in Player Settings ⚙️

ရွှန်းမီမီထက် ရဲ့ Facebook မှ သရော်စာများ စာအုပ် မိတ်ဆက်ပွဲပြုလုပ်

ဖေ့ဘွတ်ခ်တွင် အောင်မြင်ကျော်ကြားသူ ဆယ်လီများကို သရော်စာများ ရေးသားကာ နာမည်ကြီးလာသူ ရွှန်းမီမီထက်၏ ဒုတိယမြောက်စာအုပ်ဖြစ်သည့် “အမှန်အကန် ဖူးစာ အပါအဝင် သရော်စာစုများ” စာအုပ်မိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၉ ရက်၊ Orchid Hotel တွင် ပြုလုပ်ခဲ့သည်။

အဆိုပါစာအုပ်သည် သူ၏ ဒုတိယမြောက်စာအုပ်ဖြစ်ကာ လတ်တလောဖြစ်ပျက်နေသမျှ အဖြစ်အပျက်များအပေါ် သရော်ကာ ရေးသားထားခြင်းဖြစ်သည် ဟုဆိုသည်။

“လူမှုကွန်ယက်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာလေးတွေ၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ တချို့ အလွဲလေးတွေပေါ့။ အဲဒီအကြောင်းအရာလေးတွေကို စုစည်းပြီးတော့ နေ့စဉ်နဲ့အမျှ ရေးထားတာပါ။ အဲဒါကို ထုတ်ဝေသူအစ်မတစ်ယောက်က တွေ့ပြီးတော့ စာအုပ်လေးထုတ်ချင်တယ်ဆိုလို့ ညီမ ထုတ်လိုက်တာပါ” ဟု ရွှန်းမီမီထက်က မဇ္ဈိမကို ပြောသည်။

စာပေလောကထဲသို့ ဝင်ရောက်လာခဲ့သည်မှာ ၅ လ သက်တမ်းသာရှိသေးသည့် ရွှန်းမီမီထက်က သူ၏သရော်စာများကို အပျော်စာအဖြစ် သတ်မှတ်ပေးရန် ပြောခဲ့သည်။

စာအုပ်တန်ဖိုး ၄၅၀၀ ကျပ်ဖြင့် ပန်းသို့မွှေးစာအုပ်တိုက်မှ ဖြန့်ချိမည်ဖြစ်ကာ ပထမစာအုပ်သည် “ကျွန်မ ရေးကြည့် ကလိမိသည် ” လူမှုကွန်ယက်ပေါ်က သရော်စာများ စာအုပ် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ ပွဲကို တက်ရောက်ခဲ့သူ ဆရာဟိန်းလတ်ကလည်း “ရွှန်းမီမီထက်သည် တိုတိုထိထိမိမိရေးနိုင်သော ကလောင်စွမ်းရှိပြီး ခေတ်မီလတ်ဆတ်သော သရော်စာရေးသူ ဖြစ်ကြောင်း” ပြောခဲ့သည်။ ဖေ့ဘွတ်လူမှုကွန်ယက်တွင် ရေးသားသူများဖြစ်သည့် ဇေယျာစိုပြေ၊ ဦးလှဆွေ၊ ပန်ဆယ်လို၊ ယဉ်ယဉ်နှောင်း၊ ဇေယျ တို့လည်း ထုတ်ဝေခဲ့သည်။

Related videos

ဆောက်လုပ်ရေးဝန်ကြီးကို JICA မှ ဆုချီးမြှင့်
02:15

ဆောက်လုပ်ရေးဝန်ကြီးကို JICA မှ ဆုချီးမြှင့်

Mizzima TV

6y ago
Channel Mandalay TV မှ သတင်းထောက်နှင့် ဒေသခံနှစ...
03:38

Channel Mandalay TV မှ သတင်းထောက်နှင့် ဒေသခံနှစ...

Mizzima TV

7y ago
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မှ သိမ်းဆည်းခံတောင်သူများ...
02:45

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မှ သိမ်းဆည်းခံတောင်သူများ...

Mizzima TV

9y ago
၈၈ ငြိမ်း/ပွင့်​မှ ​ဒေါ်နီလာသိန်းကို ရဲက ခေါ်ယူ...
02:25

၈၈ ငြိမ်း/ပွင့်​မှ ​ဒေါ်နီလာသိန်းကို ရဲက ခေါ်ယူ...

Mizzima TV

7y ago
"မဟန"မှ ခေါ်ယူမှုကို "မဘသ"အမည်ပြောင်းဖောင်ဒေးရှင်...
04:02

"မဟန"မှ ခေါ်ယူမှုကို "မဘသ"အမည်ပြောင်းဖောင်ဒေးရှင်...

Mizzima TV

7y ago
အိန္ဒိယလေကြောင်းလိုင်း IndiGo မှ ရန်ကုန်နှင့်ကို...
01:53

အိန္ဒိယလေကြောင်းလိုင်း IndiGo မှ ရန်ကုန်နှင့်ကို...

Mizzima TV

7y ago
ယခုနှစ် မန္တလေးသင်္ကြန်တွင် မြို့မတေးဂီတအဖွဲ့မှ သြ...
01:36

ယခုနှစ် မန္တလေးသင်္ကြန်တွင် မြို့မတေးဂီတအဖွဲ့မှ သြ...

Mizzima TV

7y ago
တစ်နိုင်ငံလုံး အဆင့်(၆) ရ မန္တလေးမြို့မှ ဘာသာစုံ...
02:56

တစ်နိုင်ငံလုံး အဆင့်(၆) ရ မန္တလေးမြို့မှ ဘာသာစုံ...

Mizzima TV

7y ago
Natural Garment စက်ရုံမှ အထည်ချုပ်အလုပ်သမားများ...
02:57

Natural Garment စက်ရုံမှ အထည်ချုပ်အလုပ်သမားများ...

Mizzima TV

6y ago
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှ စည်းကမ်...
01:36

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှ စည်းကမ်...

Mizzima TV

7y ago
နာဂနှစ်သစ်ကူးအမီ Myanmar Heritage Trail Tourism...
02:03

နာဂနှစ်သစ်ကူးအမီ Myanmar Heritage Trail Tourism...

Mizzima TV

7y ago
အနုပညာအထက်တန်းကျောင်း(မန္တလေး)မှ အဆို၊အက၊ပန်းချီ...
04:08

အနုပညာအထက်တန်းကျောင်း(မန္တလေး)မှ အဆို၊အက၊ပန်းချီ...

Mizzima TV

7y ago