“တရားဥပဒေစိုးမိုးရေး နှင့်ပြည်သူများ ၏အခန်းကဏ္ဍ” အမည်ရှိ Facebook စာမျက်နှာ ကို စပြီးဖွင့်လှစ်
ယင်း Facebook စာမျက်နှာကို သူရဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်နှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ဂီတအစည်း အရုံးတို့ပူးပေါင်းပြီး ဖွင်လှစ်ထားခြင်းဖြစ်သည်။
Facebook သည် မြန်မာပြည်သူများအကြား အသုံးပြုမှုများသည့် လူမှုကွန်ယက်တစ်ခုဖြစ်သည့်အတွက် ယင်းကို အသုံးချပြီး ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ တရားဥပဒေစိုမိုးရေးအတွက် ပြည်သူများ သိသင့်သိထိုက်သည့် ကိစ္စရပ်များကို အသိပေးနိုင်နိုင်ရန် ပညာပေးဇာတ်လမ်းများ ရိုက်ကူးတင်ဆက် သွားမည်ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ပြောသည်။
“ကျွန်တော်တို့နိုင်ငံမှာ ဥပဒေပေါင်း (၁၃၀၆) ခု ရှိတယ်ဆိုတော့ ပြည်သူတွေလည်း အကုန်မသိနိုင်ဘူး။ သက် ဆိုင်ရာဝန်ကြီးဌာနတွေတောင်မှပဲ သူတို့နဲ့သက်ဆိုင်တဲ့ဥပဒေတွေ ဘယ်လိုအနေအထားရှိတယ်ဆိုတာတောင် မသိတဲ့အနေအထားဖြစ်တယ်လို့ ခုနက ကော်မရှင်ကပုဂ္ဂိုလ်က ပြောသွားတော့ ပြည်သူတွေနဲ့ ဥပဒေတွေ ဘယ်လောက်ကင်းကွာသလဲဆိုတာ သိသာပါတယ်။ အဲဒါလေးကို ပြည်သူတွေ သိသွားအောင် နီးစပ်သွား အောင် ကျွန်တော်တို့က ဆောင်ရွက်တာပါ။ ပြည်သူတွေ သွားရင်းလာရင်း သိသွားရအောင်ပေါ့။” ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ပြောသည်။
တရားဥပဒေစိုးမိုးရေးကိစ္စရပ်များတွင် အစိုးရက အဓိကတာဝန်ရှိသလို အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူ များကလည်း ဝိုင်းဝန်ကူညီရန် လိုအပ်သည်ဟု ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးတင်မောင်ဦးက ဆိုသည်။ ထို့အပြင် ယင်း Facebook Page တွင် ပြည်သူများ သိလိုသမျှမေးခွန်းများကို ကော်မရှင်ကတာဝန်ယူ ဖြေကြားပေးမည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးတင်မောင်ဦးက ပြောသည်။
“မေးလာတဲ့မေးခွန်းတွေကို ဥပဒေ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍတွေကို လွယ်ကူထိရောက်စွာနဲ့ ပြည်သူတွေ အကျိုးရှိအောင် ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။” ဟု ကော်မရှင်အဖွဲ့ဝင် ဦးတင်မောင်ဦးက ပြောသည်။
“တရားဥပဒေစိုးမိုးရေး နှင့်ပြည်သူများ၏အခန်းကဏ္ဍ” Facebook စာမျက်နှာ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လည်ပိုင်းက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးခန်းမတွင် ကျင်းပခဲ့ပြီး သူရဦးရွှေမန်းက ဥယျောဇဉ် ပေးပို့ခဲ့သည်။
Related videos
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ကို ပြင်ဆင်သင့်လား?...
Mizzima TV
world enviroment day ကို မြန်မာဓမ္မသိပံ္ပ ကျောင်...
Mizzima TV
ကျေးရွာပေါင်း၂၄၀၀ ကျော်နှင့် အိမ်ထောင်စု တစ်သိန...
Mizzima TV
One Championship ကို မြန်မာနိုင်ငံတွင် စိတ်ဝင်စ...
Mizzima TV
ကိုRဇာနည် ကိုရွေးချယ်ခဲ့တဲ့အတွက် အပြည့်အဝ ကျေနပ...
Mizzima TV
ပုသိမ်တံတား အမှတ် (၂) ကို ၂၀၂၀ခုနှစ် မတ်လအတွင်း...
Mizzima TV
ဒုက္ခသည်များအတွက် အသင့်နေထိုင်နိုင်သည့် နေအိမ် အ...
Mizzima TV
ချိုပြုံးနှင့် မို့မို့မြင့်အောင်တို့ကို ချေပြေ...
Mizzima TV
မြန်မာ့လူ့ဘောင် ပိုကောင်းစေဖို့ " နိစ္စဓူဝ" ကို...
Mizzima TV
ပုဒ်မ "၅၉(စ)"ကို ပြင်ချင်သည့် အပိုင်းများရှိဟု...
Mizzima TV
အလှမယ် ရွှေအိမ်စည်မှ Miss Universe Myanmar Organ...
Mizzima TV
မြန်မာ့လူ့ဘောင် ပိုကောင်းစေဖို့ " နိစ္စဓူဝ" ကို...
Mizzima TV