AA ကို ရှုတ်ချတဲ့ အရေးကြီးအဆိုအပေါ် လွှတ်တော်အမတ်တွေကြား အမြင်ကွဲနေကြ
#MizzimaTV
အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းကို AA က ဖမ်ဆီးထားတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချ ကြောင်းနဲ့ ဦးဝှေ့တင်းအပြင် ဖမ်းဆီးခံထားရတဲ့ အရပ်သားတွေနဲ့ ဝန်ထမ်းတွေကိုပါ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း အရေးကြီးအဆိုကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အတည်ပြု လိုက်ပါတယ်။
ဒီအရေးကြီးအဆိုကို လွှတ်တော်အမတ် (၈)ဦး ဆွေးနွေးခဲ့ကြပြီး မဲခွဲဆုံးဖြတ်တဲ့အခါမှာ မဲပေးခွင့်ရှိသူ ၅၇၆ ဦး အနက် ၃၈၆ ဦးသာ မဲပေးခဲ့ကြပြီး ထောက်ခံမဲ ၃၇၆ မဲနဲ့ ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုလိုက်တာဖြစ် ပါတယ်။
အဆိုရှင် ဒေါက်တာလှမိုးကတော့ လွှတ်တော်အမတ်ကို ဖမ်းဆီးတဲ့ AA ရဲ့ လုပ်ရပ်ဟာ ဥပဒေမဲ့ ဆောင်ရွက်ချက်ဖြစ်လို့ ကန့်ကွက်ကြောင်း အခုလို ပြောပါတယ်။
“ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံကို ဦးတည်နေတဲ့ ကာလဖြစ်တယ်။ ငြိမ်းချမ်းရေးကို ဦးတည်နေတဲ့အချိန် ဖြစ်တယ်။ လက်နက်ကိုင် ပဋိပက္ခတွေကို ချုပ်ငြိမ်းအောင် ဆောင်ရွက်နေတဲ့ ကာလ ဖြစ်တယ်။ ဒီလို ကာလမျိုးမှာ ဥပဒေမဲ့ ဆောင်ရွက်ခြင်းသည် ဘယ်သူမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ဆရာတို့က ဥပဒေပြု အဖွဲ့အစည်း၊ ဥပဒေ ပြု အဖွဲ့အစည်းဖြစ်တဲ့အတွက် ဥပဒေမဲ့ ဆောင်ရွက်ချက်ကို လက်ခံလို့ မရဘူး၊ ရှုတ်ချတယ်”လို့ ဒေါက်တာလှမိုးက ပြောပါတယ်။
အရေးကြီးအဆိုကို ဝင်ရောက်ဆွေးနွေးခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)က လွှတ်တော် အမတ် ဦးစိုင်းထွန်းအေးကတော့ အဖမ်းခံထားရတဲ့ ဦးဝှေ့တင်းကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပြီး ငြိမ်းချမ်းစွာ ဖြေရှင်းတဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကိုသာ အားပေးကြောင်း မှတ်ချက်ပြု ပြောပါတယ်။
“ကျွန်တော်တို့ကတော့ တွေ့ဆုံ၊ ဆွေးနွေးရေးနည်းနဲ့ပဲ ငြိမ်းချမ်းစွာ ဖြေရှင်းတဲ့နည်းကိုပဲ အားပေးချင်တယ်။ တစ်ဖက်နဲ့တစ်ဖက် လက်နက်အားကိုးပြီးတော့မှ ပြဿနာကို ဖြေရှင်းတာက ပြဿနာကို ပိုမိုဆိုးရွား စေတယ် လို့ မြင်တယ်” လို့ ဦးစိုင်းထွန်းအေးက ဆိုပါတယ်။
ဦးဝှေ့တင်း အဖမ်းခံရသလို ရခိုင်ပြည်နယ်ရဲ့ မြေပြင်အခြေအနေမှာ အပြစ်မဲ့ ပြည်သူတွေ၊ ဖမ်းဆီး သတ်ဖြတ်ခံ ရမှုတွေလည်း ရှိနေတာကြောင့် ဒီလို ထိခိုက်နစ်နာမှုတွေကိုလည်း လွှတ်တော်က မားမားမတ်မတ် ရပ်တည်ပေးဖို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အမျိုးသားလွှတ်တော်အမတ် ဒေါ်ထုမေက ထောက်ပြပါတယ်။
“တစ်ကယ်တမ်းကျရင် ရခိုင်ပြည်နယ်မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း အပါအဝင် တခြား အပြစ်မဲ့ ပြည်သူတွေ ဖမ်းဆီးခံရတယ်၊ သတ်ဖြတ်ခံရတယ်၊ တလောကဆိုရင် ကိုယ်ဝန်ဆောင်တောင် ရက်ရက် စက်စက် ပစ်သတ်ခံရတယ်။ မတရားမှုသည် ကိုယ်အိမ်တံခါးကို ဖွင့်မှသာလျှင် ကိုယ်အိမ်တံခါးကို တံခါး လာ ခေါက်မှသာလျှင် မတရားမှုလို့ မြင်နေတဲ့ ကျွန်မတို့ နိုင်ငံရဲ့ အမြင်တွေကို လွှတ်တော်က တည့်မတ်ပေးဖို့ လိုပါတယ်။ ဒါကြောင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဖမ်းဆီးခံရတာနဲ့ အတူပဲ ရခိုင်ပြည်နယ်မှာ ဒီထက် ဆိုးရွားတဲ့ ပြဿနာတွေ များစွာ ရှိနေတဲ့ ဟာကိုလည်း လွှတ်တော်က အလယ်ကနေ မားမားမတ်မတ် ရပ်တည်ပေးရပါမယ်”လို့ ဒေါ်ထုမေက ဆိုပါတယ်။
ရခိုင်အမျိုးသားပါတီ(ANP)အမတ် ဦးဦးထွန်းဝင်းကလည်း ရခိုင်ပြည်နယ်မှာ အပြစ်မဲ့ပြည်သူတွေ များစွာ ထိခိုက်၊ နစ်နာနေရတဲ့ ဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းအားလုံးကို လွှတ်တော်အနေနဲ့ ကန့်ကွက် ရှုတ်ချမှု လုပ်သင့်ကြောင်းနဲ့ အခုလို AA က ဖမ်းဆီးတဲ့အခါကျမှ တင်သွင်းတဲ့ ဒီအရေးကြီးအဆိုဟာ ပြည်စုံမှု မရှိတဲ့ ‘တစ်ခြမ်းပဲ့အဆို’ သာဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။
“တစ်ချို့ဆို မိမိအိမ်မှာ နေရင်းနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးတွေ ကျောင်းသွားနေရင်းနဲ့ ထမင်းစားနေတုန်း တန်းလန်းနဲ့ သေသွားတဲ့
Related videos
ပလက်ဝဒေသခံ ၁၃၀ကို ဖမ်းဆီးထားခြင်းမရှိကြောင်းAA...
Mizzima TV
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ကို ပြင်ဆင်သင့်လား?...
Mizzima TV
world enviroment day ကို မြန်မာဓမ္မသိပံ္ပ ကျောင်...
Mizzima TV
ကျေးရွာပေါင်း၂၄၀၀ ကျော်နှင့် အိမ်ထောင်စု တစ်သိန...
Mizzima TV
One Championship ကို မြန်မာနိုင်ငံတွင် စိတ်ဝင်စ...
Mizzima TV
ကိုRဇာနည် ကိုရွေးချယ်ခဲ့တဲ့အတွက် အပြည့်အဝ ကျေနပ...
Mizzima TV
ပုသိမ်တံတား အမှတ် (၂) ကို ၂၀၂၀ခုနှစ် မတ်လအတွင်း...
Mizzima TV
ဒုက္ခသည်များအတွက် အသင့်နေထိုင်နိုင်သည့် နေအိမ် အ...
Mizzima TV
ချိုပြုံးနှင့် မို့မို့မြင့်အောင်တို့ကို ချေပြေ...
Mizzima TV
မြန်မာ့လူ့ဘောင် ပိုကောင်းစေဖို့ " နိစ္စဓူဝ" ကို...
Mizzima TV
ပုဒ်မ "၅၉(စ)"ကို ပြင်ချင်သည့် အပိုင်းများရှိဟု...
Mizzima TV
အလှမယ် ရွှေအိမ်စည်မှ Miss Universe Myanmar Organ...
Mizzima TV